facebook tracking image

Connecting...

Banner Default Image

FAQ Applications

Mobile Default Image

MyWorld မှာ CV လာတင်ကြတဲ့ Candidate တော်တော်များများဟာ Qualified ဖြစ်ကြပြီး Experience ရှိတဲ့ ပညာရှင်တွေများပါတယ်။ အချို့ Candidate တွေကျတော့လည်း အခုလျှောက်၊ နောက်နေ့ Interview ဝင်ရတဲ့အခြေအနေမျိုးတွေရှိပေမယ့် အချို့ကျတော့လည်း CV တင်ပြီး အတော်အကြာတုုိင်အောင် Interview အတွက် ကမ်းလှမ်းခြင်းမခံရတာမျိုးတွေရှိပါတယ်။ ​ဒီလိုအခြေအနေမျိုးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ MyWorld က ရှင်းပြချင်တာလေးတစ်ခုရှိပါတယ်။ MyWorld မှာ လစ်လပ်နေတဲ့အလုပ်တွေအများကြီးရှိပါတယ်။ ထိုနည်းတူစွာပဲ MyWorld ဆီက အလုပ်အကိုင်တွေကိုစိတ်ဝင်စားပြီး CV ပို့တဲ့ Candidate တွေကလည်း ရာနဲ့ချီပြီးရှိပါတယ်။ နေ့စဉ်နှင့်အမျှ CV ပို့လိုက်ပြီးလျှောက်ကြတဲ့သူတိုင်းအားလုံး ပျမ်းမျှလူဦးရေအယောက်တစ်ရာစီမှ တစ်ယောက်ချင်းစီအတွက် Fit ဖြစ်ပြီး ချက်ချင်းအဆင်ပြေသွားစေမယ့် အလုပ်အကိုင်ဆိုတာမျိုးကတော့ မရှိနိုင်တဲ့အခြေအနေမျိုးလေးတွေ ရှိပါတယ်။

Business တစ်ခုအနေနဲ့ ကြည့်မယ်ဆိုရင် Customer Service အပိုင်းဟာ ကျွန်တော်တို့ Service ပေးတဲ့အခါ အရေးပါဆုံးအပိုင်းဆိုတာကို ကျွန်တော်တို့အပြည့်အဝလက်ခံထားပါတယ်။ တစ်ဖက်မှာလည်း ကျွန်တော်တို့ကိုယ်တိုင်ဝင်ဆောင်ရွက်ရမယ့် လုပ်ငန်းဆောင်တာလေးတွေရှိနေတဲ့အတွက် Customer Service ပိုင်းမှာ လိုအပ်တာလေးတွေရှိနေတာမျိုးလေးတွေရှိရင် ကျွန်တော်တို့ကို နားလည်ပေးဖို့ ကြိုတင်ပြီးမေတ္တာရပ်ခံပါရစေ။ MyWorld မှ Team  တွေကလည်း MyWorld မှာရှိနေတဲ့ Job Role တွေကို လာလျှောက်တဲ့ Candidate တွေအတွက် အသင့်တော်ဆုံးအလုပ်ကို အမြန်ဆုံး ကြိုးစားပြီးလုပ်ကိုင်ပေးနေပါတယ်။ ကျွန်တော်တို့ရဲ့ Business က Client ရော Candidate တွေကိုပါ တတ်နိုင်သမျှ Service ပေးရတဲ့ Business လို့ဆိုပေမယ့် MyWorld ကို CV တွေက နေ့စဉ်ရာနဲ့ချီပြီးဝင်နေတဲ့အတွက် CV ပို့တဲ့လူ တစ်ယောက်ချင်းစီကို ဖုန်းမဆက်နိုင်တော့ပဲ လာလျှောက်တဲ့သူ Candidate အားလုံးထဲမှ Role နဲ့အကိုက်ညီဆုံးဖြစ်မယ့်သူတွေကို အဓိက Focus ထားပြီး အကြောင်းပြန်ပေးပါတယ်။

ရှိနေတဲ့ Position အရေအတွက်ထက် လာလျှောက်တဲ့သူအရေအတွက်ကများနေတဲ့အတွက်ကြောင့် လျှောက်တဲ့သူ Candidate အကုန်လုံးကို အကြောင်းမပြန်ပေးနိုင်တာ ကမ္ဘာပေါ်မှာရှိတဲ့ Recruitment Company တိုင်း ရင်ဆိုင်ရတဲ့ Problem တစ်ခုပါ။

ဒါကြောင့် ကျွန်တော်တို့ Social Media, Website တွေမှာ တင်နေတဲ့ Job Post တွေကို See First လုပ်ပြီး စောင့်ကြည့်ပေးပါ။ ကိုယ်ရဲ့ Qualification နဲ့ Position ရဲ့  Requirements တွေကိုက်ညီမှုရှိရင် လျှောက်လိုက်ပါ။ "ဒီအလုပ်မှာရေးထားတဲ့ Requirement တွေက ငါနဲ့မညီပေမယ့် လစာကောင်းတယ်။ ငါ ဒီအလုပ်ကိုလျှောက်လိုက်မယ်။" "ဟိုအလုပ်နဲ့ပတ်သက်ပြီးတော့ ငါ့မှာတော့ လုပ်ငန်းအတွေ့အကြုံ Experience မရှိဘူး၊ ဒါပေမယ့် ဘာဖြစ်လဲကွာ ငါစိတ်ဝင်စားတယ်။ အစမ်းလျှောက်ကြည့်လိုက်မယ်။" ဆိုပြီးတော့ ရမ်းလျှောက်ကြည့်တာမျိုးတွေကိုတော့ အားမပေးပါဘူး။  Client ဘက်ကလည်း သက်ဆိုင်ရာနယ်ပယ်မှာ Experience မရှိတဲ့ Candidate မျိုးကို မလိုချင်တဲ့အတွက် ကျွန်တော်တို့ဘက်ကလည်း လက်ခံပေးလို့မရပါဘူး။ ဒါကြောင့် အကြံပေးချင်တာကတော့ ကိုယ်နဲ့အကိုက်ညီဆုံးဖြစ်မယ့် Position ကိုဘဲ သေချာ Focus လုပ်ထားပြီး အလုပ်လျှောက်မယ်ဆိုရင် ကိုယ့်အတွက် အချိန်ကုန်လည်း သက်သာစေပြီး ကျွန်တော်တို့ဘက်ကလည်း အလုပ်လျှောက်သူတွေ အမြန်ဆုံးအလုပ်ရအောင် ကူညီလို့အဆင်ပြေမှာဖြစ်ပါတယ်။  

ဒီပြင်အမေးများတဲ့ FAQ တွေကိုဖတ်ရှုရန်အတွက် ဒီနေရာကိုနှိပ်ပါ။ 

Most candidates who send their CVs to us are qualified and experienced professionals, however, we are not always going to have jobs that suit every candidate who applies.

As a business, Customer Service is very important to us, however, we also have a business to run. We are receiving hundreds of applications every day, our team work very hard to match the roles we have to the candidates who apply, but they are not able to all the time. Therefore because we have to ensure our business is successful to allow us to continue to serve as many candidates and clients as possible, we have to focus on candidates which are suitable to the roles we have at the time and cannot contact all candidates.

So, unfortunately, we will not contact every candidate who applies to us, sorry. This is a problem all recruitment companies around the world face as there are always more applicants than there are jobs.

However, we do want to serve you all, so please keep your eyes open for jobs that match your background and please apply again. Try not to apply to jobs just because the salary is good, or it is something you want to do but don't have experience in. Our clients won't accept candidates like that, so we cannot either. Focus on roles that are truly a match to your background, this will save you time and help us better serve you.

We look forward to working with you.

Click here to read more about FAQ.