facebook tracking image

Connecting...

Banner Default Image

Smart ကျကျ အလုပ်ပြန်ရှာကြစို့

Mobile Default Image

02 Sep 00:00 by William Ko Ko

​လက်ရှိ ကျွန်တော်တို့ အားလုံး ကြုံတွေ့နေရတဲ့ နိုင်ငံ‌ရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စသဖြင့် အကြပ်အတည်းတွေ‌ကြောင့် အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းပါးလာသလို သင့်တော်တဲ့ အလုပ်တခု ရရှိနိုင်ဖို့ စိန်ခေါ်မှုတွေလည်း အများကြီး ကြုံတွေ့နေကြရမှာပါ။ Company တွေ အနေနဲ့လည်း စီးပွားရေး အကျပ်အတည်းတွေကြောင့် လစ်လပ်သွားတဲ့ ရာထူးမျိုးတွေမှာ ဝန်ထမ်းပြန်လည်ခန့်အပ်ထား‌ရေးအတွက် အချက်အလက်ပေါင်းများစွာ ထည့်သွင်းစဉ်းစားလာကြပါပြီ။

အကြောင်းအမျိုးမျိုး‌ကြောင့် အလုပ်အကိုင်တစ်ခု ဆုံးရှုံးလိုက်ရတဲ့သူတွေအတွက် ဒီလိုအစစအရာရာ ခက်ခဲနေတဲ့ အခြေအနေမျိုးမှာ CV တွေ လိုက်တင်နေရုံနဲ့ အလုပ်ရဖို့ဆိုတာ အရင်လိုမလွယ်ကူနိုင်တော့ပါဘူး ။ သေချာ လက်ရှိ Market information တွေကို အချိန်ပေး လေ့လာနေဖို့လည်း လိုပါလိမ့်မယ်။ မြန်မာနိုင်ငံ အနေနဲ့ လက်ရှိအနေအထားမှာ ဘယ်လို Business တွေ တော့ တိုးတက်လာဖို့ရှိလာမလဲ ဘယ်လို Business မျိုးတွေတော့ အလားအလာ သိပ်မကောင်းနေလဲ သိနေမှသာ သင့်အချိန်ကို အသင့်တော်ဆုံး အလုပ်တခု ရဖို့အတွက် အကျိုးရှိစွာ အသုံးချ နိုင်မှာပါ။

သင်သာ အလုပ်တခု အရေးတကြီး လိုအပ်နေသူဆို ကျွန်တော် Sharing လုပ်ပေးချင်တဲ့ အချက်အလက်လေးတွေကို စနစ်တကျ Follow လုပ်ပေးခြင်းအားဖြင့် အချိန်တစ်ခုအားဖြင့် ကိုယ်နဲ့ကိုက်ညီတဲ့ အလုပ်တစ်ခု ရရှိနိုင်မယ်လို့ ယုံကြည်မှုလေးထားစေချင်ပါတယ်။

Professional Image တစ်ခုကို အမြဲတည်‌ဆောက်တတ်ပါစေ။

ပထမဦးဆုံး သင်အလုပ်ထွက်ခဲ့တဲ့ (သို့) အလုပ်ရပ်ဆိုင်းလိုက်ရတဲ့ Company က တာဝန်ရှိ လူကြီးတွေနဲ့ ပြန်လည် ဆက်သွယ်ပါ။ သင်သာ ကောင်းမွန်တဲ့ အကြောင်းပြချက်နဲ့ အလုပ်နားခဲ့ရတာဆိုရင် သူတို့ တခြားအဆက်အသွယ်နဲ့ ကူညီပေးကောင်း ပေးနိုင်ကြပါတယ်။ နောက်ဆုံး မကူညီပေးနိုင်ရင်တောင် သင် နောက်ပိုင်း Job Offer ရတဲ့ အချိန်မှာ Reference Check အတွက် အကောင်းဆုံး ကူညီပေးနိုင်မှာပါ။ သင်တစ်ခု စဉ်းစားထားရမှာက လက်ရှိ အခက်အခဲ တွေကြောင့် Company တော်တော်များများဟာ သူတို့ရဲ့ မဖြစ်မနေ အလုပ်ခန့်ထားရမယ့် သူရဲ့ နောက်ကြောင်း ရာဇဝင်ကို False Hiring မဖြစ်အောင် သင်မသိလိုက်တဲ့ အခြေအနေ မျိုးမှာ စုံစမ်းနေကြပါတယ်။ ဒါကြောင့်လည်း Professional Image တစ်ခု ဘယ်လောက် အ‌ရေးကြီး ကြောင်း သင် ကိုယ်တိုင် လက်ခံထားရမှာပါ။

အလုပ်ရှာရမှာ Targeting growing market segmentation အလိုက် သင့်အချိန်ကို ကောင်းကောင်းအသုံးချပါ။

လက်ရှိ ဖြစ်ပေါ် နေတဲ့ အ‌ခြေအနေကြောင့် စီးပွားရေး နလန်မထူနိုင်လောက်အောင် ကျဆင်းသွားတဲ့ Company တွေရှိသလို Business Expansion Plan တွေရေးဆွဲနေတဲ့ Company တွေလည်း ရှိနေပါသေးတယ်။ ဥပမာ ကပ်ရောဂါကြောင့် ဟိုတယ်လုပ်ငန်း လေကြောင်း ဝန်ဆောင်မှု လုပ်ငန်းတွေဟာ သင့်အတွက် ကောင်းမွန်တဲ့ Job offer တခုပေးနိုင်ဖို့ အဆင်မပြေနိုင်သေးပါဘူး။ လက်ရှိရရှိထားတဲ့ Market Information တွေအရ Agriculture, Agrochemical, Pharmaceutical, Logistics, IT, FMCG and Trading Industries တွေက အလုပ်အကိုင်ဖန်တီးပေးနိုင်မှု အကောင်းဆုံးနေအထားမှာရှိနေပါတယ်။

Self-Improvement အတွက်အချိန်ပေးပါ။

အလုပ်ရှာနေရင်းနဲ့ ကိုယ့်အတွက် အထောက်အကူဖြစ်နိုင်မဲ့ အရာတွေ အမြဲလေ့လာတတ်တဲ့ အကျင့်ကောင်းတခု မွေးမြူပါ။ သင်တန်းတစ်ခုခုတက်နေရင်းနဲ့ အတွေ့အကြုံအသစ်တွေ ရရှိနိုင်သလို သင့် Networking ကောင်းတွေလည်း ရရှိနိုင်ပါတယ်။

ကိုယ့်မှာရှိတဲ့ network ကို အသုံးချနိုင်ပါစေ။

အရင်ဆုံး မှာချင်တာက အကူအညီတောင်းဖို့ မနှောင့်‌‌‌‌နှေးပါနဲ့။ သင့်အကြောင်း ကောင်းကောင်းသိနေတဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေ အသိမိတ်ဆွေတွေဆိုတာ လူတိုင်းမှာရှိနေမှာပါ။ CV တွေ နေရာတိုင်း လျှောက်တင်နေတာထက်စာရင် ကိုယ့်အကြောင့် ကောင်းကောင်းသိတဲ့ သူတွေဆီက သင့်ကို Attention ပိုပေးနိုင်ပါလိမ့်မယ်။ အလုပ်တစ်ခုရရှိဖို့ ကိုယ်အတွက် ဘယ်လောက်အရေးကြီးနေလဲ ဘယ်လောက်စိတ်အားထက်သန်နေလဲ ဆိုတာကို မြင်သာပါစေ။ သင့်မှာ Strong Network မရှိရင်လည်း Professional Recruiter တစ်ယောက်နဲ့ ဆွေး‌နွေးတိုင်ပင်ပြီး အကူအညီရယူနိုင်ပါတယ်။

အသင့်တော်ဆုံး အလုပ်ကိုသာစိစစ်လျှောက်ပါ။

အလုပ်လျှောက်တဲ့ နေရာမှာ Resume, Cover Letter တွေ အရေးကြီး သလို Self-Assessment Writing in Email ကလည်း အရမ်းအ‌ရေးကြီးပါတယ်။ ခုကစပြီး ကိုယ်လျှောက်ထားတဲ့ရာထူးနဲ့ ဘာလို့ကိုက်ညီမှုရှိလဲဆိုတာ သင်ကိုယ်တိုင်ရေးပြီး အလုပ်လျှောက်တဲ့အကျင့်လေး မလုပ်ရဖူးသေးရင် လုပ်ကြည့်စေချင်ပါတယ်။

Application Follow up

ကျွန်တော်တို့ သိပ်လုပ်လေ့လုပ်ထ မရှိပေမယ့် ဒီလို ခက်ခဲနေတဲ့ အချိန်မျိုးမှာတော့ Second Time Follow Up လုပ်ခြင်းက သင့် Application ကိုပိုလို့ သတိထားစေမိမှာပါ။ အလုပ်ရာထူးအတွက် Company HR တွေ Screening လုပ်ရာမှာ CV ဘယ်နှစ်စောင်လောက် Missed Out ဖြစ်သွားနိုင်တယ်ဆိုတာ လုပ်ဖူးတဲ့ သူတွေပဲ သိကြမှာပါ။ သင် Application Email ပို့ထားပြီး သုံးရက်အတွင်း reply မရခဲ့ဘူးဆိုလျှင်တော့ Follow Up Email အနည်းဆုံး ပြန်ပို့ပေးဖို့ အကြံပြုပါရစေ။

Be Optimistic And Realistic

Job hunting လုပ်ရာမှာ အရမ်းကြီး မမျှော်လင့်ထားတတ်ဖို့ကလည်း အရေးကြီးပါတယ်။ ကိုယ့်ကြိုးစားမှုနဲ့ ထိုက်တန်တဲ့ အလုပ်တစ်ခုဆိုတာ အချိန်တန် ရနိုင်လိမ့်မယ်ဆိုတဲ့ ခံယူချက် ထားဖို့ကိုပဲ အကြံပြုပါရစေ။ လက်ရှိ ခက်ခဲတဲ့အချိန်မှာဆို အလုပ်ရရှိဖို့ ပိုလို့တောင် အချိန်ယူနိုင်တဲ့အတွက် စိတ်ဓါတ် မကျသွားဖို့ ပိုလို့တောင် အရေးကြီးပါတယ်။

တကယ်လို့ သင့် Application သာ interview အတွက်ရွေးချယ်ခံရပြီ ဆိုရင်တော့ Interview Preparation အတွက် ပြင်ဆင်ပုံတွေကို https://www.myworld.com.mm/blog မှာ ပြန်လာရောက်လေ့လာဖို့ အကြုံပြုလိုက်ပါတယ်။

အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ အားလုံး ပြန်လည် ရရှိနိုင်ကြပါစေလို့ ဆန္ဒပြုလျှက်...

To Read More Articles -