facebook tracking image

Connecting...

Banner Default Image

​လက်ရှိရာထူးထက်နိမ့်တဲ့ Position၊ လစာနည်းတဲ့အလုပ်ကိုလျှောက်သင့်လား?

Mobile Default Image

03 Dec 00:00 by Sofia Oo

ဒီ Topic လေးဟာ ဒီရက်ပိုင်း LinkedIn မှာ Hot ဖြစ်နေတဲ့ Topic လေးတစ်ခုဖြစ်ပါတယ်။ တော်တော်များများက COVID-19 အတွင်းမှာ အလုပ်ရဖို့အတွက်စိတ်ပူရင်း ရတဲ့ Position Title နဲ့ဝင်လုပ်သင့်လားဆိုပြီး မေးထားကြတာကိုလည်းတွေ့ရပါတယ်။ ဒီ Article လေးမှာတော့ COVID ကာလဖြစ်ဖြစ်၊ ပုံမှန်အချိန်ဖြစ်ဖြစ် အလုပ်လျှောက်ပြီဆို ထည့်သွင်းစဉ်းစားသင့်တဲ့အချက်လေးတွေကို ပြောပြသွားမှာဖြစ်ပါတယ်။

1. Organization

ပထမဆုံးအလုပ်လျှောက်ပြီဆို Company Profile ကိုအမြဲကြည့်သင့်ပါတယ်။ interview သွားခါနီးမှ ဖတ်ပြီး ကိုက်ပါ့မလား စဉ်းစားတာထက်စာရင် မသွားခင်ထဲက ဒီကုမ္ပဏီဘယ်လောက်ကြီးလဲ၊ Working Environment ကောဘယ်လိုရှိလဲ၊ ကိုယ့်ရဲ့ရှေ့ဆက်လျှောက်မယ့် Career အတွက်ဘယ်လိုအကျိုးသက်ရောက်နိုင်မလဲ ဆိုတဲ့အချက်လေးတွေကိုစဉ်းစားသင့်ပါတယ်။

2. Learning Opportunity and Responsibilities

နောက်တစ်ခုကတော့ ကိုယ်ဒီကနေဘာတွေသင်ယူလို့ရမလဲ၊ ကိုယ့် Reporting Line က ဘယ်သူဖြစ်မလဲဆိုတဲ့အချက်တွေကိုစဉ်းစားသင့်ပါတယ်။ တစ်ချို့ Organization တွေဟာ Title ကတော့ လက်ရှိထက်နိမ့်ပေမယ့် Reporting က C level ဆီ Direct သွားရတာမျိုးရှိတတ်ပါတယ်။ ဒီကနေ Career Advancment အတွက်ဘယ်အရာတွေသယ်ယူသွားလို့ရနိုင်လဲ ဆိုတာလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။ တစ်ချို့က Hierarchy အရတော့ Position Title က နိမ့်နေပေမယ့် လုပ်ပိုင်ခွင့်တွေ၊ Learning Opportunity တွေ၊ Salary Package တွေက ကောင်းနေတတ်ပါတယ်။ တစ်ချို့ကုမ္ပဏီတွေဆို Position Title ကို Market အနေအထားနဲ့ထောက်ပြနိုင်ရင် ပြန် Negotiate လုပ်ပေးတတ်ပါတယ်။

3. Salary Package

ဒီနေရာမှာပြောပြပေးချင်တာကတော့ Total Annual Salary Package ကို ကြည့်သင့်ပါတယ်။ Basic Salary က လက်ရှိနဲ့သိပ်မကွာဘူး ဒါပေမယ့် Annual Package အရပိုကောင်းနေတာမျိုးဆိုလည်း Consider လုပ်သင့်ပါတယ်။

ဒါတွေကတော့ အလုပ်အပြောင်းရွှေ့လုပ်တဲ့အခါမှာ အဓိကစဉ်းစားသင့်တဲ့အချက်တွေပါ။ လက်ရှိရာထူးထက်နိမ့်တဲ့ Position၊ လစာနည်းတဲ့အလုပ်ကိုလျှောက်သင့်မသင့် ဆုံးဖြတ်တဲ့နေရာမှာ အထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်။

To Read More Articles -