facebook tracking image

Connecting...

Banner Default Image

Recruitment Situation during the time of COVID-19

Mobile Default Image

30 Apr 00:00 by Simon Bruce

​(Burmese Below) 

Myanmar’s first cases of Covid-19 came close to the Myanmar New Years period when many companies slowed down their recruitment activities anyway. Covid-19 just added a complication as companies tried to get used to working from home so many recruitment processes stopped.

Since the return to work after the Myanmar New Years we are seeing many companies restarting their interview processes. By utilizing video conferencing tools like Zoom, Hangouts Meet, Microsoft Teams has allowed many companies to perform first and second interviews, then having the final interview performed face to face while still practicing Social Distancing.

Smaller or more independent companies are making the most of this time. They have the advantage of making their own decisions and hiring staff. A lot of global companies have global hiring freezes which means the competition for candidates has decreased.
  
We know that at the moment the hardest hit have been the factory workers as many factories have been forced to close. The government is offering these people a level of financial support and we do hope that this sector is able to recover quickly.

There are still several industries that are aggressively looking for talent, banking, insurance, online services are some of these.

မြန်မာနိုင်ငံမှာဆိုရင် ပထမဦးဆုံး COVID-19 ရောဂါကူးစက်ခံရမှုဖြစ်ပွားခဲ့ခြင်းက မြန်မာ့နှစ်သစ်ကူးကာလဖစ်တဲ့ သင်္ကြန်အတောတွင်းမှာစတင်ပေါ်ပေါက်ခဲ့တာဖြစ်တာကြောင့် ပြည်တွင်းမှာရှိတဲ့ ကုမ္ပဏီလုပ်ငန်းတော်တော်များများကလည်း ဝန်ထမ်းခန့်ထားရေးနဲ့ပတ်သက်တဲ့ကိစ္စတွေကို လျှော့ချရပ်နားထားခဲ့ပါတယ်။ ဒါ့အပြင် ကုမ္ပဏီတွေအနေနဲ့ ရောဂါကူးစက်ပြန့်ပွားခြင်းကနေကာကွယ်နိုင်ဖို့အတွက် ဝန်ထမ်းများကို မိမိတို့ရဲ့အိမ်ကနေသာ အလုပ်လုပ်ကိုင်စေတဲ့ (Work From Home) စနစ်ကိုစတင်ကျင့်သုံးခဲ့တာကြောင့်လည်း Recruitment Process တွေခေတ္တရပ်နားသွားခဲ့ရတာဖြစ်ပါတယ်။ 

နှစ်သစ်ကူးပိတ်ရက်ကာလပြီးသွားတဲ့ ဧပြီလရက် (၂၀) ကျော်နောက်ပိုင်းမှာတော့ ကုမ္ပဏီတွေက အလုပ်အင်တာဗျူးတွေ ပြန်လည်စတင်လုပ်ကိုင်လာတာကို မြင်တွေ့လာရပါတယ်။ Social Distancing ပြုလုပ်နေတဲ့အချိန်ဖြစ်တာကြောင့် ကုမ္ပဏီတွေက Zoom, Hangouts Meet, Microsoft Teams စတဲ့ Video Conferencing Software တွေသုံးပြီးတော့ First Interview, Second Interview တွေပြုလုပ်လာကြပြီးတော့ Final Interview မှသာလူချင်းတွေ့ဆုံ ဖြေဆိုတာမျိုးတွေပြုလုပ်ကြတာဖြစ်ပါတယ်။ 

အသေးစား ကုမ္ပဏီလုပ်ငန်းတွေဟာ Organization အကြီးစားတွေလို Recruitment Process အတွက် Decision အဆင့်ဆင့်နဲသွားစရာမလိုဘဲ ကိုယ်ပိုင် Decision ချမှတ်နိုင်တဲ့အားသာချက်တွေကြောင့် ဒီအချိန်မှာ Hiring Process တွေကို အများဆုံးပြုလုပ်နေကြတာဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးက ပြည်ပနိုင်ငံကကုမ္ပဏီအဖွဲ့အစည်းကြီးတွေမှာတော့ ဝန်ထမ်းခန့်ထားခြင်းကိစ္စတွေဟာ လက်ရှိမှာရောဂါအခြေအနေတွေကြောင့် ရပ်တန့်နေတာဖြစ်ပြီးတော့ Candidate တွေ အပြိုင်အဆိုင်ဖြစ်တဲ့ဈေးကွက်လည်းကျဆင်းသွားတာဖြစ်ပါတယ်။

လတ်တလော COVID-19 ကြောင့် စီးပွားရေးကြပ်တည်းနေတဲ့ကာလမှာ ကုမ္ပဏီတွေကနေ ဝန်ထမ်းလျှော့ချတာတွေကို ပြုလုပ်လာတာကြောင့် အလုပ်လက်မဲ့လူဦးရေလည်းတိုးများလာပါတယ်။ စက်ရုံလုပ်ငန်းတွေတော်တော်များများကလည်း လုပ်ငန်းမလည်ပတ်နိုင်တော့တာကြောင့် လုပ်ငန်းရပ်ဆိုင်းလိုက်ရတာမျိုးတွေအထိ ဖြစ်လာပါတယ်။ 

ဒီအခြေအနေမှာ စက်ရုံအလုပ်ရုံကဝန်ထမ်းတွေအတွက်တော့ ကြီးမားတဲ့ပြောင်းလဲမှုရိုက်ခတ်တဲ့ဒဏ်ကို ခံစားရလိုက်ရတာပါပဲ။ လက်ရှိမှာနိုင်ငံတော်အစိုးရက အခြေခံလူတန်းစားပြည်သူတွေအတွက် လိုအပ်တဲ့ ငွေကြေးအကူအညီနဲ့ စားသုံးကုန်ပစ္စည်းတွေ ထောက်ပံ့ပေးနေတယ်ဆိုပေမယ့်လည်း အခြေအနေတွေအားလုံးပြန်လည်တည်ငြိမ်လာပြီး အရေးပါတဲ့လုပ်ငန်းကဏ္ဍတွေ ပြန်လည်ပတ်နိုင်ဖို့အတွက် မျှော်လင့်ရမှာပါ။ ဒါကြောင့် စက်ရုံ၊ အလုပ်ရုံနဲ့ Operation လုပ်ငန်းပိုင်းတွေ ပုံမှန်အတိုင်းပြန်ပြီးမလည်ပတ်ခင်အချိန်အထိကတော့ အလုပ်အကိုင်ရှာဖွေနေတဲ့သူတွေအတွက် အခုအခြေအနေဟာ စိန်ခေါ်မှုတစ်ရပ်လိုဖြစ်လာနိုင်ပါတယ်။ 

ဒါပေမယ့်လည်း လက်ရှိအနေအထားအရ Talent လုပ်ငန်းပိုင်း၊ ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်းနဲ့ Online ကနေဝန်ဆောင်မှုပေးတဲ့လုပ်ငန်းပိုင်းတွေမှာတော့ ဝန်ထမ်းခေါ်ယူမှုတွေ မြင့်တက်နေတာကြောင့် အလုပ်လျှောက်တဲ့အခါမှာထည့်သွင်းစဉ်းစားရမယ့် နယ်ပယ်တွေဖြစ်လာပါပြီ။ 


To Read More Articles -