အခုခေတ်လူတော်တော်များများမှာ ကိုယ့်ရဲ့ Personal Life နဲ့ အလုပ်နဲ့ညီမျှအောင်နေထိုင်ဖို့ဆိုတာတော်တော်လေးခက်ခဲတာကိုတွေ့ရမှာပါ။ ပြီးပြည့်စုံတဲ့ Career Life နဲ့ Personal Life ကိုလိုချင်တယ်ဆိုရင်တော့ ဒီနှစ်ခုကိုညီမျှအောင် ဘယ်လို Manage လုပ်မလဲဆိုတာကို အရင်ဆုံးစဉ်းစားရမှာဖြစ်ပါတယ်။ ဒါကြောင့်အခြေခံကျတဲ့အချက် ၅ ချက်ကို ဖော်ပြရေးသားလိုက်ပါတယ်။
၁။ ကိုယ်ဘာကိုဦးစားပေးမလဲဆိုတာကိုသိအောင်အရင်လုပ်ပါ။
အလုပ်ကအရေးကြီးလား? မိသားစုကအရေးကြီးလား? ဆိုရင် ၂ ခုစလုံးက ဘဝရှင်သန်ရပ်တည်ဖို့အတွက် အရေးကြီးတယ်လို့ ဆိုရမှာပါပဲ။ ဒါပေမယ့်အခြေအနေအချိန်အခါပေါ်မူတည်ပြီး ကိုယ့်ရဲ့ ဦးစားပေးတွေကို အဆင့်သတ်မှတ်ထားတတ်ဖို့လိုအပ်ပါတယ်။ ဥပမာ - ဒီနေ့ညနေကိုယ်ကမိသားစုစုံစုံလင်လင်နဲ့ Dinner သွားစားမယ်လို့ စီစဉ်ထားတဲ့အချိန်မှာ အလုပ်တွေမပြီးလို့ ဖျက်လိုက်ရတယ်ဆိုရင် ကိုယ့်မိသားစုကလည်းစိတ်ကောင်းမှာမဟုတ်ပါဘူး။ အဲ့လိုပဲ မိသားစု ဒါမှမဟုတ် Relationship ကိုဦးစားပေးလို့ ဒါတွေနဲ့သက်ဆိုင်တဲ့ Personal Feeling တွေကို အလုပ်ကိုယူလာပြီး အလုပ်မှာအဆင်ပြေပြေမလုပ်နိုင်ဘူးဆိုရင်လည်း ဒါဟာကိုယ့်ပတ်ဝန်းကျင်မှာ Professional ပီသတဲ့လူတစ်ယောက်ဖြစ်လာမှာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်နံပါတ်တစ်လို့သတ်မှတ်ထားတဲ့အရာကို အချိန််တစ်ခုအတွင်းမှာ အာရုံစိုက်ပြီး ပြီးမြောက်အောင်လုပ်ဆောင်တတ်ဖို့ အရေးကြီးပါတယ်။
၂။ အလုပ်မှာ မိမိရဲ့တစ်နေ့တာပန်းတိုင်ရှိပါစေ။
အိမ်မှာဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ အလုပ်လုပ်နေတဲ့အချိန်မှာ ကိုယ့်အလုပ်ကိုဘဲ အာရုံစိုက်တတ်ဖို့ အရေးကြီးပါတယ်။ ကိုယ်ဒီနေ့ဒါကိုပြီးအောင်လုပ်မယ်လို့ ဆုံးဖြတ်ထားရင် ပြီးမြောက်အောင်လုပ်ဆောင်ပါ။ ဒါဆိုရင် ကိုယ်ဟာ အချိန်တစ်ခုအတွင်းမှာ တာဝန်ကျေလုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်ပြီး Performance ကောင်းမွန်သူလို့သတ်မှတ်ခြင်းကိုခံရမှာပါ။ နောက်တစ်ချက်က တစ်နေ့တာအလုပ်ကို ပြီးအောင်လုပ်ခဲ့တဲ့အတွက် ကိုယ်အနားယူချိန်မှာလည်း အလုပ်မပြီးလို့ စိတ်ညစ်တာ၊ စိတ်ဖိစီးမှုများနေတာမျိုးတွေလည်း ရှိတော့မှာမဟုတ်ပါဘူး။ အဲ့ဒီအတွက်ကြောင့် ကိုယ်ရဲ့ကိုယ်ပိုင်အချိန်တွေကိုလည်း အပြည့်အဝ Enjoy လုပ်နိုင်မှာပါ။
၃။ ကျန်းမာအောင်နေပါ။
“ကျန်းမာခြင်းသည်လာဘ်တစ်ပါး” ဆိုတဲ့ ဆိုရိုးစကားအတိုင်းပဲ မိမိကိုယ်ကို ကျန်းမာအောင်ဂရုစိုက်ပါ။ အာဟာရရှိပြီး ကျန်းမာတဲ့အစားအသောက်တွေကို စားသုံးတာ၊ တစ်ပတ်မှာအနည်းဆုံး ၃ ရက်လောက် ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ခြင်းက ကိုယ့်အတွက်အကျိုးရှိစေမှာ အမှန်ပါပဲ။ ရေများများသောက်ပါ။ တစ်ရက်ကို ၈ နာရီပြည့်ဝအောင်အိပ်ပါ။ နောက်ထပ်အရေးကြီးတာတစ်ခုက အားလပ်ချိန်မှာ Technology Device တွေနဲ့ ဝေးဝေးမှာနေဖို့ပါ။ ဘယ် Technology Device မှာမဆိုဖွင့်တဲ့ခလုပ်ပါရင် ပိတ်တဲ့ခလုပ်လည်းပါပါတယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင်က ဒီခလုပ်တွေကို on မလား off မလားဆိုတာကတော့ ကိုယ့်ရွေးချယ်မှုပါပဲ။ ဒီအချက်တွေဟာ အစပိုင်းမှာ လိုက်လုပ်ဖို့ခဲယဉ်းပေမယ့် အလေ့အကျင့်လုပ်ပေးမယ်ဆိုရင် အကျိုးအများကြီးရှိစေတာကို တွေ့ရမှာပါ။
၄။ ငြင်းရမှာမကြောက်ပါနဲ့။
ကျွန်မတို့မြန်မာလူမျိုးတွေရဲဲ့အားနည်းချက်တစ်ခုက အရမ်းကိုအားနာတတ်ကြတာပါ။ အားနာလို့သွားလိုက်ရတယ်၊ အားနာလို့ကူညီပေးလိုက်ရတယ် ဆိုတာမျိုးတွေကို ပတ်ဝန်းကျင်မှာ ကြားနေကြဖြစ်မှာပါ။ တစ်ခါတစ်လေမှာ ကိုယ့်အားလပ်ချိန်ကို အပြည့်အဝနားတတ်ဖို့ သေသေချာချာအသုံးချတတ်ဖို့လိုပါတယ်။ ကိုယ့်ကို ဖိတ်ထားတဲ့ ဘယ်ပွဲကိုမဆိုလုံးဝကိုသွားရမယ်လို့ မဆိုလိုပါဘူး။ ဒီနေရာမှာကိုယ်ဘာကိုဦးစားပေးသင့်လဲဆိုတာ ကိုယ့်ဘာသာကိုယ်ပဲစဉ်းစားရမှာပါ။ ဥပမာ Family Dinner နဲ့ သူငယ်ချင်းတွေနဲ့ Night out ထွက်ဖို့ဆိုရင် Family Dinner ကိုဦးစားပေးလိုက်ခြင်းက သဘာဝကျပါတယ်။ ပြီးတော့ အားနာလို့ မသွားချင်သွားချင်နဲ့ သွားရတာထက် မလာဖြစ်ဖူးဆိုတာကို တစ်ဖက်သားကို တလေးတစားနဲ့အသိပေးခြင်းကတစ်ခါတစ်လေမှာပိုကောင်းပါတယ်။
၅။ မိမိကိုယ်ကို အချိန်ပေးပါ။
အထက်မှာဖော်ပြထားတဲ့အကြောင်းအရာတွေထက် အရေးအကြီးဆုံးကတော့ ကိုယ့်ကိုယ်ကို အချိန်ပေးတတ်ဖို့ပါပဲ။ တစ်ခါတလေ အလုပ်မှာပင်ပန်းပေမယ့်အဆင်ပြေအောင်နေရတာ၊ မိသားစု ဒါမှမဟုတ် အပေါင်းအသင်းတွေထဲမှာ လိုက်လျောညီထွေဖြစ်အောင်နေရတာ၊ Relationship နဲ့ပတ်သက်ပြီးစိတ်ညစ်တာ ဒါမျိုးတွေကြုံတဲ့အခါ စိတ်ပင်ပန်းတာ အသေအချာပါပဲ။ ဒါကြောင့်ကိုယ်ပိုင်အချိန်လေးမှာ ကိုယ်စိတ်ပျော်သလိုလေးနေဖို့အတွက် ဘယ်တော့မှမတွန့်ဆုတ်ပါနဲ့။ ပန်းပင်စိုက်တာ၊ စာရေးတာ၊ စာအုပ်ဖတ်တာ၊ သီချင်းနားထောင်တာ၊ ရုပ်ရှင်သွားကြည့်တာ၊ မုန့်သွားစားတာ၊ ဘာသာစကား ဒါမှမဟုတ် ပညာရပ်တစ်ခုခုကိုလေ့လာတာဒါမျိုးတွေလုပ်နိုင်ပါတယ်။ကိုယ်ဖြစ်တည်မှုဟာ လူတိုင်းသဘောကျအောင် စိတ်ကျေနပ်အောင်နေတာမျိုးမဟုတ်ဘဲနဲ့ ကိုယ့်စိတ်နဲ့ကိုယ်လွတ်လွတ်လပ်လပ်နေကြည့်ပါ။ တစ်ခါတစ်လေမှာ လူတွေနဲ့တွေ့ဆုံစကားပြောပြီး စိတ်ထဲမှာ Empty ဖြစ်နေတာထက် ဘယ်သူနဲ့မှမတွေ့ဘဲ တစ်ယောက်တည်းတွေးပြီး တိတ်တိတ်ဆိတ်ဆိတ် အချိန်ကုန်ရတာက ပိုကောင်းပါတယ်။
အခုလောက်ဆိုရင်တော့ Work နဲ့ Life ကိုဘယ်လို Balance ဖြစ်အောင်လုပ်မလဲဆိုတာနဲ့ပတ်သက်ပြီး Idea တစ်ချို့ ရသွားလောက်ပြီလို့ထင်ပါတယ်နော်။ ရှေ့ဆက်ပြီးတော့လည်း လုပ်ငန်းခွင်နဲ့ပတ်သက်ပြီး အသုံးဝင်မယ့် Tips တွေကိုဖော်ပြသွားပါဦးမယ်။