facebook tracking image

Connecting...

Banner Default Image

​Career Break ယူပီးနောက်ပိုင်းမှာ ဘာတွေပြင်ဆင်သင့်မလဲ

Mobile Default Image

07 Jul 00:00 by Kira Cho

အခုလို Crisis ကာလမှာ အကြောင်းအမျိုးမျိုးကြောင့် Career Break ယူလိုက်ကြရတဲ့သူတွေတော်တော်များများရှိလာကြပါတယ်။ အထူးသဖြင့် မိဘအကြီးအကဲကိုစောင့်ရှောက်ရတာ၊ ကလေးမီးဖွားတာကြောင့် ဂရုတစိုက်အချိန်ပေးဖို့နားလိုက်ရတာ၊ ကျန်းမာရေးကြောင့် ဒါမှမဟုတ် ကိုယ့်စိတ်ဝင်စားတဲ့အရာတခုခုကို အကောင်အထည်ဖော်ဖို့ အချိန်ပေးလိုက်ရတဲ့အခါ ကိုယ့်လုပ်နေတဲ့ Permanent အလုပ်တခုနားလိုက်ရတာရှိပါတယ်။ အဲ့ဒီနောက်ပိုင်းမှာအလုပ်ပြန်ဝင်ဖို့ကြိုးစားနေတဲ့သူတွေအတွက် အသုံးဝင်နိုင်မယ့်အချက်လေးတွေမျှဝေပေးလိုက်ပါတယ်။

၁။ အကြောင်းတခုခုကြောင့် Career Break မယူခင် သေချာစဉ်းစားပါ။

ကိုယ်သွားနေတဲ့ Career ကိုလုံးဝရပ်လိုက်ပြီး တခြားလမ်းကြောင်းကိုပြောင်းလျှောက်တော့မှာလား ဒါမှမဟုတ် ခဏလောက်နာပြီးးကိုယ်လုပ်နေတဲ့လမ်းကြောင်းပေါ်ကိုပဲ ပြန်လျှောက်မှာလားဆိုတာကို အရင်စဉ်းစားထားဖို့ အရမ်းအရေးကြီးပါတယ်။ ဒါမှပဲ Career Break ယူနေတုန်း ကိုယ့်အတွက်ဘာတွေပြင်ဆင်သင့်လဲဆိုတာကိုသိမှာပါ။ Pros & Cons ဆိုတာနေရာတိုင်း အချိန်တိုင်းမှာရှိနိုင်တဲ့ Be prepared yourself for next ပါ။

၂။ အလုပ်သစ်အတွက် အလျင်စလိုမလုပ်ပါနဲ့။

ကိုယ်နားနေတဲ့အချိန်အတွင်းမှာ Industry ထဲမှာပြောင်းလဲသွားတာတွေအများကြီးရှိပါတယ်။ ဒါတွေကိုသိရဖို့ ကိုယ့်ကိုကိုယ်အချိန်တခုအရင်ပေးဖို့ကြိုးစားကြည့်ပါ။ What did we miss while we are away from market? ကိုယ်လွတ်သွားတဲ့အချိန်အတွင်းမှာ Market Update ဘာတွေရှိမလဲ၊ soft-skills or hard-skills တွေဘာတွေပြင်ဆင်ဖို့လိုမလဲဆိုတာ အရင်ပြင်ဆင်ပြီးမှ အလုပ်သစ်အတွက်ကြိုးစားကြည့်ပါ။ ဒါတွေသိရဖို့ Google တို့ LinkedIn တို့ဟာ အကောင်းဆုံးအလုပ်သတင်းရှာဖွေစရာနေရာတခုဖြစ်ပါတယ်။ နောက်ပိုင်း LinkedIn ကို Business တော်တော်များများမှာ အသုံးပြုလာတာကြောင့် သတင်းအချက်အလက်စုဆောင်းဖို့အကောင်းဆုံးဖြစ်မှာပါ။ https://www.linkedin.com/company/myworld-com-mm

၃။ ကိုယ့်ရဲ့ Resume ကို သေသေချာချာအချိန်ပေးပြင်ဆင်ပါ။

Impressive Resume ဖြစ်ဖို့ဆိုတာအလုပ်လျှောက်တဲ့နေရာမှာ အရမ်းအရေးကြီးပါတယ်။ အလုပ်မရခင် အလုပ်ရှင်ကကိုယ့်ကိုမဟုတ်ဘဲ ကိုယ့်ရဲ့ Resume ကိုအရင်တွေ့မှာဖြစ်တဲ့အတွက်ကြောင့် First Look မှာတင် Appealing ဖြစ်အောင်ပြင်ဆင်ပါ။ သတိပြုရမှာက Page အများကြီးပြင်ဆင်မှ Appealing Resume ဖြစ်စေတာမဟုတ်တဲ့အတွက်ကြောင့် တတ်နိုင်သလောက်ထိရောက်သောပြင်ဆင်မှုမျိုးကိုပဲလုပ်ပါ။

၄။ Interview အတွက်ပြန်ပြင်ဆင်ပါ။

Perfect Resume ပီးရင် ဒုတိယအရေးပါတာကတော့ How to present yourself during the interview ပါ။ အချိန်ကြာကြီးအနားယူလိုက်တဲ့အတွက်ကြောင့် အနည်းနဲ့အများတော့ Interview နဲ့ပတ်သက်ပီး Nervous ဖြစ်ကြတာမျိုးရှိပါတယ်။ အထူးသဖြင့် Expatriate နဲ့ ကိုယ်တိုင် Interview လုပ်ရတဲ့အခါ အမှားမဖြစ်စေဖို့အတွက် Interview မတိုင်ခင်အရင်ဆုံးကိုယ့်ကိုကိုယ်အကောင်းဆုံးဘယ်လိုPresent လုပ်မလဲဆိုတာကိုပြင်ဆင်ပါ။ လေ့ကျင့်ဖို့လိုအပ်ရင် အရင်ဆုံးလေ့ကျင့်ပါ။ Well-Prepared Sense ကိုပြရမှာဖြစ်လို့ Myself အပြင် Company အကြောင်းကိုထဲထဲဝင်ဝင်လေ့လာထားတာပဲဖြစ်ဖြစ် သိချင်တဲ့မေးခွန်းတွေပြင်ဆင်ထားတာပဲဖြစ်ဖြစ် လိုအပ်တာမှန်သမျှအကုန်ပြင်ဆင်သွားဖို့လိုပါတယ်။

၅။ ကိုယ့်ရဲ့အရည်အချင်းတွေကို ယုံကြည်ပြီး ဆက်လက်လျှောက်ပါ။

အလုပ်ပြန်ရှာတဲ့အခါမှာ တစ်ခါတည်းနဲ့အောင်မြင်ပြီးရသွားတာရှိသလို Demand များနေတဲ့အချိန်မှာလျှောက်မိသလိုဖြစ်လို့ မအောင်မြင်တာမျိူးလည်းရှိနိုင်တဲ့အတွက်ကြောင့် စိတ်ဓာတ်မကျပါနဲ့ ။ ကိုယ့်ရဲ့လုပ်နိုင်စွမ်းနဲ့ကျွမ်းကျင်မှုကိုယုံကြည်ပြီး ဆက်ပီးလျှောက်ကြည့်စေချင်ပါတယ်။ Career Gap ဆိုတာဟာ အားနည်းချက်တစ်ခုမဟုတ်တာကြောင့် ဇွဲမလျော့ပဘဲလိုချင်တဲ့နေရာကိုရောက်အောင် ပြင်ဆင်မှုတွေလုပ်ပြီးကြိုးစားကြည့်ဖို့အကြံပြုချင်ပါတယ်။

To Read More Articles