facebook tracking image

Connecting...

Banner Default Image

အလုပ်တွေလျှောက်နေပေမဲ့ အလုပ်မရသေးတာဘာကြောင့်များလဲ?

Mobile Default Image

09 Dec 00:00 by Michelle Hsu

Woman Working Computer Desk From Home Min

အလုပ်တွေလျှောက်နေပေမဲ့ အလုပ်မရသေးတာဘာကြောင့်များလဲ?

အဖြေကိုအောက်မှာဖတ်ကြည့်ရအောင်...

အလုပ်ထွက်ချင်ကြတဲ့အခါ လူတွေလုပ်တတ်တဲ့အမှားတစ်ခုက Job Portal နဲ့ ကြားသမျှအလုပ်တွေကို လျှောက်တတ်ကြတာမျိုးဖြစ်ပါတယ်။ အဲလိုလုပ်တဲ့အခါ အလုပ်ရှင်တွေဆီကနေ Response ပြန်မလာတာ၊ Reject Email တွေပဲပြန်ရတာတွေဖြစ်တာမို့ ကိုယ့်အတွက်ပိုပြီးစိတ်ဓာတ်ကျစရာတွေဖြစ်လာနိုင်ပါတယ်။ အဲလိုအခြေအနေမျိုးမဖြစ်အောင် ဘယ်လိုကျော်ဖြတ်ကျမလဲဆိုတာလေးကို အနည်းငယ်အကြံပြုချင်ပါတယ်။

ပထမဆုံးအနေနဲ့ ကိုယ်ဘာလို့အလုပ်အသစ်ရှာလဲဆိုတာကို သေသေချာချာအရင်သုံးသပ်ပြီး ကိုယ်ရှေ့ဆက်သွယ်မယ့် Career Path ကိုသေချာစဉ်းစားပါ။ နောက်တစ်ဆင့်အနေနဲ့ကိုယ်ဆက်သွားမယ့် Career နဲ့သက်ဆိုင်တဲ့အလုပ်တွေကိုပဲ သေချာရှာပြီး Apply လုပ်ပါ။ Recruiter တွေနဲ့တိုင်ပင်နဲ့နေရာမှာလည်း သေချာပြောပြထားပြီးကူညီခိုင်းပါ။ ဒီနေရာမှာတွေ့သမျှ Job Title လှလှ၊ Salary များများအလုပ်တွေကို မလျှောက်ဖို့အကြံပေးချင်ပါတယ်။ အဲဒီလုပ်ကြတဲ့အခါ အလုပ်မရပဲ Reject တွေပဲကြားရပြီး စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကိုမေးခွန်းထုတ်လာတာတွေဖြစ်တတ်ပါတယ်။

ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်ကိုလျှောက်တဲ့အခါမှာလည်း CV ကိုသေချာပြင်ဆင်ဖို့နဲ့ Cover Letter သေချာရေးဖို့အထူးလိုအပ်ပါတယ်။ Position apply လုပ်တဲ့အခါမှာ Email သေချာရေးပြီးပေးပို့ဖို့နဲ့ Follow Up သေချာလုပ်ကိုလုပ်ဖို့လည်း တိုက်တွန်းချင်ပါတယ်။

Recruiter များနဲ့ချိတ်ဆက်ပြီးအလုပ်ရှာတဲ့အခါ ပိုမိုပြီးသတင်းအချက်အလက်ရနိုင်တာဖြစ်လို့ ကိုယ့်ကိုတကယ်ကူညီအကြံပေးနိုင်တဲ့ Skillful Recruiter တွေနဲ့အနီးကပ် ဆက်သွယ်ပြီး အလုပ်တွေကို Active ဖြစ်ဖြစ်ရှာရင်လည်း ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ Recruiter တွေ မိတ်ဆက်ပေးသမျှကို မျက်စိမှိတ်ပြီးလျှောက်တာမဟုတ်ပဲ JD သေချာမေးပြီး Review လုပ်ဖို့၊ Company Background နဲ့ တခြားအချက်အလက်တွေသေချာမေးပြီးမှ လျှောက်ဖို့လည်း ထပ်လောင်းအကြံပေးချင်ပါတယ်။

အပေါ်ကဖော်ပြပေးသွားတဲ့အချက်အလက်တွေကိုသုံးသပ်ပြီးကိုယ်ဘဝရဲ့ပိုမိုကောင်းမွန်တဲ့ Career ကိုရရှိနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

MyWorld Careers မှ Recruitment Consultant တွေအားလုံးက Functional Specialized တွေဖြစ်ပြီး အားလုံးကိုအထူးအကြံပေးကူညီပေးနိုင်တာဖြစ်လို့ အခုပဲ support@myworld.com.mm ကို CV တင်ပြီးအလုပ်လျှောက်နိုင်ပါပြီ။

To Read More Articles -