facebook tracking image

Connecting...

Banner Default Image

​အကြောင်းအမျိုးမျိုးကြောင့် စိတ်နွံနစ်နေကြတယ်လို့ ခံစားနေရပြီလား

Mobile Default Image

13 May 00:00 by Phyo Thet Kyaw

လူအများစုဟာ အခက်အခဲဆုံး အခြေအနေများမှာပင် ပင်ပန်းနေကြပေမဲ့ အနားယူဖို့မေ့ရလောက်အောင် အကြောင်းအမျိုးမျိုးကြောင့် ရုန်းကန်နေကြရပါတယ်... မိမိတို့ ကိုယ်တိုင်ရော စိတ်နွံနစ်နေကြတယ်လို့ ခံစားနေရပြီလား...

နွံဆိုတဲ့သဘာဝအရကတော့ ရုန်းလေနစ်လေပါပဲ။ ကိုယ်ကလွတ်မြောက်ချင်လို့ ပိုရုန်းနေရင် ပိုပြီးနစ်‌သွားတတ်ပါတယ်။ စိတ်နွံနစ်တယ်ဆိုတာလည်း ဒီလိုသဘောတရားပဲဖြစ်ပါတယ်။ Negative ဆန်တဲ့ အခြေအနေတွေကိုပဲ စိတ်ကရောက်နေ၊ တွေးနေမိပြီး စိုးရိမ်ကြောက်ရွံ့စိတ်နဲ့ မေ့လိုက်ဖို့၊ ရုန်းထွက်ဖို့ကြိုးစားလေလေ မလုပ်နိုင်လေလေ ဖြစ်သွားတတ်ပါတယ်။

ဒီလိုမျိုး ကိုယ့်ကို Stress ဖြစ်စေတဲ့အရာတွေပဲခေါင်းထဲရောက်နေပြီး ဒါကြီးနဲ့နေသားကျသလိုဖြစ်နေရင်လည်းဒါဟာစိတ်နွံနစ်တာမျိုးပါပဲ။ တစ်ခါတစ်လေ ကိုယ့်ကိုယ်ကိုစိတ်နွံနစ်နေတယ်ဆိုတာတောင် သတိမထားမိကြပါဘူ။ ဒီလို ကိုယ်တိုင်ခံစားနေမိပြီဆိုရင် မစိုးရိမ်ပါနဲ့။

အနားယူဖို့အတွက်သင်ယူပါ။ ကိုယ့်ရဲ့လက်ရှိအနေအထားထိရောက်အောင် လျှောက်လှမ်းလာခဲ့တဲ့ ကိုယ့်ကိုယ်ကို အနားပေးဖို့ကြိုးစားကြည့်ပါ။ ဖြတ်သန်းလာရတဲ့အချိန်တိုင်းဟာ ကိုယ့်အတွက် အမြဲမကောင်းခဲ့သလို အမြဲမဆိုးခဲ့ပါဘူး။ အနာဂါတ်အတွက် အရမ်းအာရုံစိုက်ရင်း ပစ္စုပန်ကအခြေအနေတချို့ကို မေ့သွားတတ်ပါတယ်။ ကိုယ့်ကိုယ်ကို ဂရုမစိုက်မိတော့ပါဘူး။ ကိုယ်တကယ် ဘာဖြစ်ချင်နေမှန်းတောင်မသိတတ်တော့ပါဘူး။ တစ်ခါတစ်လေ လက်ရှိဖြစ်ချင်တာတွေအတွက် ရှေ့ဆက်တိုးပြီးကြိုးစားဖို့ စိတ်အားထက်သန်နေလည်း ကိုယ်ဟာဘယ်လိုလူလဲဆိုတာမမေ့ဖို့အတွက် အချိန်ပေးသင့်ပါတယ်။

များသောအားဖြင့် အတိတ်နဲ့အနာဂါတ်အပေါ်ပိုပြီး စိတ်ကအာရုံရောက်လေ့ရှိပါတယ်။ လုပ်ခဲ့ဖူးတဲ့အမှားတွေ ဒါတွေအပေါ်အားမလိုအားမရဖြစ်ပြီးနောင်တရတာတွေ စတဲ့အတိတ်ကမကောင်းတဲ့ အမှတ်တရတွေအပေါ်အတွေးများနေတတ်တဲ့အပြင် မဖြစ်လာသေးတဲ့ ရှေ့ဆက်ရင်ဆိုင်ဖြတ်ကျော်ရမယ့် ကိစ္စရပ်တွေအတွက်လည်း စိုးရိမ်ပူပန်စိတ်နဲ့သောကများနေတတ်လေ့ရှိပါတယ် သူများနဲ့ယှဉ်ပြီး ကိုယ်ဟာ နောက်ကောက်ကျနေပြီဆိုပြီးလည်း ကိုယ့်ကိုယ်ကိုဖိအားပေးတတ်ပါတယ်။

ကိုယ်ဝါသနာပါတဲ့အလုပ်လေးတွေလုပ်ပါ။ အိပ်ရေးဝဝအိပ်တာ၊ သီချင်းနားထောင်တာ၊ တရားထိုင်တာ၊ Yoga ကျင့်တာ စတဲ့ကိုယ့်စိတ်ကို Relax ဖြစ်စေမယ့်အရာမျိုးတွေလုပ်ပေးပါ။ ဒီလိုကိုယ်ပိုင်အချိန်လေးပေးပြီး ကိုယ့်စိတ်ထဲရှိတဲ့အတိုင်း‌ ကိုယ့်ရဲ့ပုံစံအတိုင်း အကောင်းဆုံးဖြတ်သန်းလိုက်ပါ။ ပျင်းလို့ဘာမှမလုပ်တာနဲ့ ဒီလိုအနားယူတာကမတူပါဘူး။ ဒါဟာ ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာအတွက်ပါ အကျိုးရှိပါတယ်။ ကိုယ့်ဘဝဟာ စိတ်ရှုပ်စရာ ပင်ပန်းစရာတွေချည်းပဲရှိနေတာမဟုတ်ဘူးဆိုတာ ကိုယ့်ကိုယ်ကို Remind လုပ်ရာလည်းရောက်ပါတယ်။ အဲ့ဒါကြောင့် ကိုယ့်ကိုယ်ကို စိတ်ညစ်စရာ အခြေအနေမျိုးတွေ၊ စိတ်ပင်ပန်းစရာအတွေးတွေကြားမှာဘဲ နစ်မြှုပ်မခံဘဲနဲ့ ကိုယ့်စိတ်ကိုပျော်ရွှင်အေးချမ်းစေမယ့်အရာမျိုးတွေ အချိန်ပေးပြီးကိုယ်တိုင်ရှာဖွေလိုက်ပါ။

Positive Vibe တွေ Energy တွေဖန်တီးလိုက်ပါ။ စိတ်နွံထဲကနေကိုယ်တိုင်ရုန်းထွက်လိုက်ပါ။ Anxiety တွေအရမ်းများနေရင် လူဟာ အချိန်မရွေး ပြိုလဲသွားနိုင်ပါတယ်။ ဒါကြောင့်ကိုယ့်ကိုယ်ကို အနားပေးဖို့အတွက်ကို မတွန့်ဆုတ်ပါနဲ့။ ကိုယ့်ကိုယ်ကို ဂရုစိုက်တတ်ဖို့က ပိုအရေးကြီးသလို လိုလည်းလိုအပ်ပါတယ်။

To Read More Articles -